Good Days in Bangkok with Sony A6300

Sony A7 နဲ့ စခဲ့တဲ့ ဇာတ်လမ်းက Sony a6300 ရောက်မှ ဇာတ်ရည်လည်တယ် ပြောရမယ်။ ဘန်ကောက်မှာ ၅ ရက် Sony a6300 ကို Canon Lens ၂ လုံးနဲ့ တွဲသုံးခဲ့တဲ့ အတွေ့အကြုံနဲ့ ကောင်းကြိုးဆိုးကြီး ရေးပြပါမယ်။


Sony a6300 with Tokina 11-16mm f/2.8 at f/8, ISO 200, 1/200s

ကျနော်က Canon သမားဖြစ်ခဲ့တဲ့အတွက် Canon Lens တွေကိုပဲ ဆက်ပြီး Adapter နဲ့ Sony a6300 ဘော်ဒီပေါ်မှာ သုံးပါတယ်။ ကျနော်သုံးတဲ့ Sony E mount to Canon EF mount Adapter က Commlite ပါ။

Commlite ကို သုံးကြည့်တာ Canon STM lens တွေနဲ့ဆို Focus တော်တော် အဆင်ပြေပါတယ်။ နောက်ပိုင်းထွက်တဲ့ မော်ဒယ် USM မှန်ဘီလူးတွေနဲ့ဆိုလည်း Focus လုပ်တာ တော်တော်မြန်ပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးပြီး အဆင်ပြေတဲ့ မှန်ဘီလူးတွေက အောက်ကအတိုင်း ဖြစ်ပါတယ်။
Canon EF-S 40mm f/2.8 STM (Sony မှန်ဘီလူးထက် စျေးအများကြီးသက်သာပြီး ကောင်းပါတယ်)
Canon EF 50mm f/1.8 STM (Sony မှန်ဘီလူးထက် စျေးအများကြီးသက်သာပြီး ကောင်းပါတယ်)
Canon EF-S 17-55 f/2.8 IS USM (a6300 ဘော်ဒီနဲ့ အကြိုက်ဆုံးမှန်ဘီလူးပါ)
Canon EF 70-200 f/4 (Adapter နဲ့ Auto focus ထင်သလောက် အဆင်မပြေပါ)
Canon EF-S 17-85mm f/4-5.6 IS USM (အပေါ်က 17-55 မရခင်ထိ အကြိုက်ဆုံးပါ)
Canon EF 24-105 f/4 L IS USM (ဗီဒီယိုအတွက် ကြိုက်ပါတယ်)
Canon EF 17-40 f/4 L USM (Adapter နဲ့ Auto focus ထင်သလောက် အဆင်မပြေပါ)
Canon EF 50mm f/1.4 USM (Adapter နဲ့ Auto focus ထင်သလောက် အဆင်မပြေပါ)

Tokina 11-16 f/2.8 *Canon mount (APS-C နဲ့ အကြိုက်ဆုံး Wide Angle Lens ပါ)

Commlite Adpater သုံးမယ်ဆို လုံးဝသိထားဖို့လိုတာက Auto-focus အသေချာဆုံးက Center Focus သုံးမှပါ။ အခြား point တွေကို ရွေးချယ်လိုက်မယ်ဆိုရင် ကျတော့်အတွေ့အကြံုအရ Focus Hunting လို့ ခေါ်တဲ့ Focus မိဖို့ ကင်မရာက ရုန်းကန်ရပါတယ်။ DSLR ကို Native Lens တွေနဲ့ သုံးနေကျသူတွေအတွက် အလေ့အကျင့်လိုပါတယ်။ အစပိုင်းမှာ စိတ်ရှည်ဖို့လဲ လိုပါတယ်။

ခရီးမှာ ယူသွားဖြစ်တဲ့ မှန်ဘီလူးကတော့ အဆင်ပြေမယ့် Focal Length ဖြစ်တဲ့ ၂ လုံးပါ။
Tokina 11-16 f/2.8 *Canon mount
Canon EF-S 17-55 f/2.8 IS USM

ဒီမှန်ဘီလူး ၂ လုံးစလုံးရဲ့ ဘော်ဒီတည်ဆောက်ပုံ (Built Quality) က သိပ်ကောင်းပြီး metal ကိုသုံးတဲ့အတွက် လေးပါတယ်။ ဘော်ဒီနဲ့ တွဲရင် အရှေ့ဘက်အခြမ်းက ပိုလေးတဲ့ခံစားချက်ဖြစ်တာကို သတိချပ်ပါ။ ပုံထွက်ကွာလတီကတော့ စိတ်တိုင်းတော်တော်ကျပါတယ်။

အောက်ကပုံက Sony a6300 ကို Canon 17-55mm f/2.8 နဲ့ 42mm လောက်ထိ zoom ဆွဲပြီး f/2.8 မှာ ရိုက်ထားတာပါ။ Subject ကို Background နဲ့ သိသိသာသာ ခွဲသွားတဲ့အထိ Bokeh မျိုး f2.8 မှာ လုပ်ပေးနိုင်ပါတယ်။

a6300 with 17-55 f2_8 (1 of 1)
Sony a6300 with Canon 17-55mm f/2.8 at f/2.8, ISO 1600, 1/50s

Photo ကို crop လုပ်ပြီး a6300 ရဲ့ ISO 1600 မှာ noise သိပ်နည်းတာကိုပြတာပါ။


တကယ်လို့ Lightroom သုံးတယ်ဆိုရင် Noise Reduction ကို 20 လုပ်လိုက်တာနဲ့  လုံး၀နီးပါး ရှင်းသွားတာ တွေ့ပါလိမ့်မယ်။


အခြားထပ်ရိုက်ဖြစ်ခဲ့တဲ့ထဲက ပုံတချို့ပါ။ ပုံတွေအောက်မှာ သုံးထားတဲ့မှန်ဘီလူးနဲ့ ကင်မရာ setting တတ်နိုင်သလောက် ထည့်ပေးထားပါတယ်။

Near Emeral Buddha, Bangkok, Thailand
Sony a6300 with Canon 17-55mm lens f/2.8 at f/8, ISO 200, 1/800s

Chocolate Ville, Bangkok, Thailand
Sony a6300 with Tokina 11-16mm f/2.8 at f/8, ISO 200, 1/200s

လိုအပ်ချက်ပဲဖြစ်ဖြစ် သိချင်တာပဲဖြစ်ဖြစ် comment မှာရေးသွားခဲ့လိုက်ပါ။ နောက်တစ်ပုဒ်မှာ ထပ်ဆုံတာပေါ့။ ကျေးဇူးတင်ပါသည်။

1 comment:

Powered by Blogger.