TRAVEL EXPERIENCE WITH FUJIFILM X-T20


This post is written in Unicode Font. Zawgyi Version here
ဖူဂျီကင်မရာ X-T20 တစ်လုံးနဲ့ အင်ဒိုနီးရှား ခရီးသွားဓာတ်ပုံရိုက်ရင်း ကင်မရာအတွေ့အကြုံ ရေးချင်ပါတယ်။  အောက်က ကျနော်ယူသွားဖြစ်တဲ့ မှန်ဘီလူးတွေပါ။
fujinon XF 18mm f/2 R
fujinon 35mm f/1.4 R
fujinon 50mm f/2 WR
Fujifilm X-T20 with XF 50mm f/2 WR and XF 18mm f/2 R

မှန်ဘီလူး ၃ လုံးထဲမှာ fujinon 50mm f/2 WR က ထွက်တာ သိပ်မကြာသေးပါဘူး။ WR ဆိုလိုရင်းက Weather Resistance လို့ပြောတာပဲ မှန်ဘီလူးက ကင်မရာဘော်ဒီပေါ်တပ်ရင် တော်တော်ကြပ်ပါတယ်။ သူပြောသလို ရာသီဥတု ရေ ဖုန် မှုန် တော်ရုံတန်ရုံမဝင်ဖို့ လုပ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် X-T20 Body က Weather Resistance မဟုတ်ပါဘူး။

ဒီအောက်ကတော့ fujinon XF 50mm f/2 နဲ့ ရိုက်ထားတဲ့ ပုံတချို့ပါ။ တော်တော်လေးကို တည်ဆောက်ထားပုံက အားရပါးရရှိပါတယ်။ အပေါ်မှာပြောခဲ့သလို WR ကြောင့် ကင်မရာမှာ တပ်ဖြုတ်ရတာ ကြပ်တာရှိပေမယ့် ကျန်တဲ့ မှန်ဘီလူး ၂ လုံးနဲ့ယှဉ်ရင် တော်တော်လေးကိုင်လို့ ကောင်းပါတယ်။ နောက်ဆုံး ရှာပြီးထပ်ပြောရရင် မှန်ဘီလူးမှာပါတဲ့ နေကာ lens hood က အခြားကင်မရာမှန်ဘီလူးတွေလိုမျိုး အဝိုင်းပြန်ဖြစ်သွားလို့ lens cap တပ်ချင်ရင် hood ဖြုတ်စရာမလိုတော့ပါဘူး။

At Botanic Garden, Pangkal Pinang, Indonesia
X-T20 with XF 50mm lens f/2 at f/2, ISO 400, 1/60s

ခရီးတစ်ခုလုံး ထင်မထားပဲ အသုံးများသွားတဲ့ မှန်ဘီလူးက fujinon XF 18mm f/2 R ပါ။ နဂိုကတည်းက ကျနော်က Fujifilm X100s သုံးခဲ့လို့ 23mm f/2 လောက်နဲ့ အသားကျနေတာလည်း ဖြစ်ပါလိမ့်မယ် ပထမအသုံးများမယ်လို့ ယူဆထားတဲ့ fujinon 35mm f/1.4 ကို ထင်သလောက် မသုံးဖြစ်ပါဘူး။ X-T10 တုန်းက ကင်မရာတစ်ဝက်ကာတဲ့ သားရေအိတ် စွပ်ထားလို့ရတာ တစ်ပိုင်း လက်ကိုင်ထပ်တပ်ဖို့ ထည့်ပေးထားတာ ပါခဲ့တော့ ကင်မရာသေးပေမယ့် လက်ထဲမှာ ကိုင်ထားရတာ အဆင်မပြေဖြစ်တာမျိုး မရှိခဲ့ဘူး။ X-T20 ဝယ်တော့ ဒါတွေထည့်မပေးခဲ့တော့ ကင်မရာချည်းပဲကိုင်တဲ့အခါ လက်ဖဝါးသေးတဲ့ ကျနော့်လက်မျိုးတောင် တကယ်ရိုက်တော့ ဘော်ဒီကို လက်သန်းပေါ်တင်ပြီး ထိန်းကိုင်ရတော့ သိပ်အဆင်ပြေတယ် မခံစားရဘူး။ ဥပမာ တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်သလိုပေါ့ ဒါပေမယ့် သူ့အလေးချိန်ကတော့ တယ်လီဖုန်းထက် ပိုလေးတာပေါ့။ ကိုင်ရပိုသက်တောင့်သက်သာရှိအောင် Hand Grip တပ်လိုက်တဲ့ပုံပါ။

X-T20 မှာ LCD က touch ရလို့ လက်နဲ့တို့တို့ပြီး ကိုယ်လိုချင်တာ ဖိုးကဒ်ဖြတ်ရတာ အဆင်ပြေပါတယ်။ သတိထားစေချင်တာက ဖိုးကဒ်ကို ဆက်တိုက်ဖိုးကဒ် (Continuous Focus) လုပ်တာနဲ့ တစ်ခါထိတစ်ခါဖိုးကဒ် (Single Focus)လုပ်တာနဲ့ အလုပ်လုပ်ပုံကွဲလွဲပါတယ်။ ဆက်တိုက်ဖိုးကဒ်လုပ်တာက ကိုယ်ထိလိုက်တဲ့နေရာကို တောက်လျှောက်ဖိုးကဒ် ဆက်လုပ်နေတော့ ကိုယ်ရိုက်ချင်တာက ရှေ့နောက် ရွှေ့သွားလည်း အလိုလို ဖိုးကဒ်က ပြောင်းနေပါတယ်။ တစ်ချက်ချင်း ဖိုးကဒ်ကတော့ ထိလိုက်ရင် ဖိုးကဒ်လုံးသွားပြီး အစိမ်းရောင်လေးထောင့်လေးက ဖိုးကဒ်မိပါတယ်လို့ ပြပြီးရပ်သွားတယ်။ အဲ့ဒါကို သတိမထားမိပဲ ရှေ့နောက် ကင်မရာကိုပဲဖြစ်ဖြစ် အရိုက်ခံတဲ့ လူပဲဖြစ်ဖြစ် လှုပ်မိရင် ဖိုးကဒ်ဖြတ်တာ လွဲသွားတတ်တယ်။ ကျနော်ကတော့ shutter ခလုပ်ကို တဝက်နှိပ်ပြီး ဖိုးကဒ်ဖြတ်တာပဲ ကြိုက်ပါတယ်။ အရင်က ကင်မရာအကြီးတွေနဲ့ Sony a6300 သုံးခဲ့တဲ့ အကျင့်လည်း ပါတာပေါ့။

အောက်က fujinon XF 35mm f/1.4 နဲ့ ရိုက်ထားတဲ့ ပုံတချို့ပါ။ နောက်ခံ ဝါးသွားတဲ့ bokeh ကို တော်တော်ကြိုက်ပါတယ်။ မှန်ဘီလူးအတွင်းပိုင်း တည်ဆောက်ပုံအရ ဖြစ်သွားတဲ့ အလင်းလေးတွေ ဝိုင်းစက်နေတာကို သဘောကျပါတယ်။ သိပ်မလင်းတဲ့ သိပ်မကျဉ်းမကျယ် အခန်းအတွင်းပိုင်းမျိုးမှာ သုံးရင် တော်တော်အဆင်ပြေပါတယ်။ ကိုယ်ရိုက်ချင်တဲ့ subject ကိုလည်း နောက်ခံနဲ့ အသာလေး ခွဲထုတ်လိုက်လို့ရတယ်။

At Batam Airport, Indonesia
Fujifilm X-T20 with XF 35mm f/1.4 at f/1.4, ISO 400, 1/60s

Pangkal Pinang, Bangka Belitung Islands, Indonesia
Fujifilm X-T20 with XF 35mm f/1.4 at f/3.2, ISO 200, 1/80s

ခရီးတစ်ခုလုံးမှာ ကျနော့် Favourite Lens ဖြစ်သွားတဲ့ XF 18mm နဲ့ ရိုက်ထားတဲ့ ပုံတစ်ချို့ပါ။
Pangkal Pinang, Bangka Belitung Islands, Indonesia
Fujifilm X-T20 with XF 18mm f/2 at f/2, ISO 200, 1/200s

နောက်ဆုံး ဒီခရီးအတွက် တာ၀န်ယူထားတဲ့ Engagement Session တစ်ပွဲလုံးကိုပါ XF 18mm နဲ့ External Speelight/Flash နဲ့ တွဲပြီး ရိုက်ဖြစ်သွားပါတယ်။ Indoor Event လေးတွေအတွက် သုံးဖို့စိတ်ကူးနေသူများ လေ့လာကြည့်ပါ။
Zin & Vin Engagement Session
Zin & Vin Engagement Session
Zin & Vin Engagement Session
လာဖတ်တဲ့အတွက်ကျေးဇူးပါ။ နောက်ထပ် နောက်ထပ် ဒီ့ထက်ပိုမိုပြည့်စုံတဲ့ Review တွေ ခရီးသွားအကြောင်းတွေ အခြားအတွေ့အကြုံတွေ ရေးချင်ပါသေးလို့ ကျနော့် facebook page ကို follow လုပ်တာပဲဖြစ်ဖြစ် ဒီ blog ကို subscribe လုပ်တာပဲဖြစ်ဖြစ် လုပ်ထားပေးကြပါဦး။ အောက်က comment မှာ လည်း ရောက်ရှိကြောင်းပဲဖြစ်ဖြစ် လိုအပ်တာပဲဖြစ်ဖြစ် လက်တို့သွားပါဦးခင်ဗျ။ ကျေးဇူးပါ။

1 comment:

Powered by Blogger.