Taipei, Taiwan Day 1: Arrival & Around the City

စင်ကာပူကနေ overnight flight ကို scoot airline နဲ့ ထိုင်ပေကိုသွားပါတယ်။ ဆိုင်မှာ ထိုင်ဝမ် single entry visa အပ်တာ စင်ကာပူဒေါ်လာ ၁၀၀ ကျပါတယ်။ ကျနော်တို့ကိုလာကြိုတဲ့ ကားဆရာကြီးနဲ့ ကျနော်တို့နဲ့အတူသွားတဲ့ သူငယ်ချင်းအသိဦးလေးက မြန်မာတွေဆိုတော့ လေဆိပ်ကနေကြိုပြီးပြီးချင်း ထိုင်ပေကမြန်မာတန်းမှာ မနက်စာစားဖို့ရယ် ရောက်ဖူးအောင်ရယ် အရင်လိုက်ပို့ပါတယ်။

ဆိုင်းဘုတ်တွေအကုန်လုံး တရုတ်နဲ့ဗမာလို တွဲရေးထားတာကြတယ်။ မန်းသလေးနဲ့ဆင်မယ်ထင်တယ်။ မနက်စာ စားခဲ့တဲ့ အုန်းနို့ခေါက်ဆွဲပါ။ အရသာကတော့ စားနေကျရန်ကုန်အရသာနဲ့မတူလို့ ကျနော်တော့သိပ်မကြိုက်လှပါဘူး။

 ကျနော်တို့ လူ ၅ ယောက်စာယူလိုက်တဲ့ Airbnb ကအိမ်ကို ၁၀ နာရီခွဲလောက်ရောက်ပါတယ်။ Train လမ်းကြောင်းက အတွေ့အကြုံက စင်ကာပူနဲ့သိပ်မကွာတော့ လမ်းကြောင်းသွားရတာ မခက်ပါဘူး။


 ရေချိုးပြီးပြန်ထွက်တော့ အိမ်နားနဲ့အနီးဆုံး Taipei City Hall Station က နေရထားစီးပြီး Zhongxiao Xinsheng Station ကိုသွားပါတယ်။ EzyCard ကို Station မှာ ဝယ်ပါတယ် ကဒ်ဖိုး ထိုင်ဝမ်ဒေါ်လာ ၁၀၀ ကျပါတယ် ကြိုက်သလောက် ငွေထည့်ခိုင်းလို့ရပါတယ်။ ကျနော်တို့ကတော့ စစချင်း ၂၀၀ ထည့်ခိုင်းလိုက်ပါတယ် ဆိုတော့ စုစုပေါင်း ၃၀၀ ပေါ့။ ပထမဆုံးသွားတာက Huashan 1914 Culture & Creative Park ပါ။ Zhongxiao Xinsheng Station ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။

Huashan 1914 Culture & Creative Parkသိပ်ကြည့်စရာမရှိပါဘူး မိနစ် ၂၀ ကနေ ဓာတ်ပုံရိုက်မယ်ဆို အလွန်ဆုံး နာရီဝက်လောက်ပဲ သုံးဖို့လိုပါမယ်။ လူကြီးတွေအတွက်ဆို သွားဖို့ မညွှန်းလိုပါဘူး။ ရာသီဥတုက ထင်ထားတာထက် အေးပြီး အပူချိန် ၂၀ လောက်ပဲရှိပါတယ်။ ကျနော်တို့ ကြိုကြည့်ထားထက် ခန့်မှန်းရာသီဥတုထက် အပူချိန်ပိုနည်းပါတယ်။


Huashan 1914 Culture & Creative Park ကနေ Liberty Square ဘက်ကို Google Map ကြည့်ပြီး လမ်းပြန်လျှောက်ပါတယ်။


နောက်ကဂိတ်က Gate of the Liberty Square ပါ။ (အပေါ်ပုံ)




အပေါ်ပုံနောက်ခံထဲက Chiang Kai-shek Memorial Hall ထဲကို ဝင်လိုက်ရင် အောက်ကရုပ်ထုကြီးနဲ့ ပြတိုက်ကိုရောက်ပါမယ်။



Cherry ပန်းတွေလည်း ပတ်ပတ်လည်ပန်းခင်းထဲမှာ ကျနော်တို့ရောက်တဲ့အချိန် ပွင့်နေပါတယ်။



Ximending (Youth Shopping District )
အစားအသောက် အဝတ်အထည်နဲ့ နာမည်ကြီးတဲ့ Ximending ဘက်ကို လှမ်းပေမယ့် အေးနေတဲ့ရာသီဥတုမှာ လမ်းလျှောက်လို့ အဆင်ပြေမယ်ယူဆပြီး Google Map အားကိုးနဲ့လျှောက်ကြပါတယ်။ ဆိုင်ခွဲတွေများကြီးနဲ့ တွေ့ရတဲ့ ပေါက်စီကြော်။ ဆီများပေမယ့် အရသာမိုက်ပါတယ်။


အောက်တော့ Ximending မှာ ရိုက်ခဲ့တဲ့ ပုံတချို့ပါ။ လူငယ်တွေ စျေးဝယ်သူတွေတအားများပါတယ်။ အဝတ်အစား အထည်ဆိုင် Brands တွေအတော်စုံပေမယ့် ရောက်ရောက်ချင်းနေ့ဆိုတော့ အစားဘက်ပဲ ဦးစားပေးဖြစ်တာပါပဲ။ Taiwan No1 Fried Chicken ဆိုပဲ အရသာတော့တော်တော်ကြိုက်ပါတယ်။


အောက်ပုံထဲက ဘုံကျောင်းက ဝတ်ပြုသူတွေနဲ့ ကြိတ်ကြိတ်တိုးပါပဲ။



Raohe Street Night Market
Taipei City Hall Station ကို Xi'man Station ကနေ ရထားပြန်စီးပြီးနောက် မိနစ် ၂၀ လောက် အကွာက နာမည်ကြီး Roache Street Night Market ညစာစားဖို့ ရောက်ပါတယ်။ ညအပူချိန်က ၁၆ အထိကျသွားလို့ ပုံထဲကအတိုင်း ခေါင်းစွပ်ကော အနွေးထည် ၂ ထပ်ကော လည်ပတ်တွေကော ၃ ယောက်လုံးဖြစ်ကုန်တာပါပဲ။ Night Market ဝင်ပေါက်ရှေ့အမှတ်တရ ရိုက်တာပဲ အလင်းမညီတော့ ဂိတ်က စာတွေဖြူပြီးပျောက်သွားတယ်။


ကြက်ဥကြော်နဲ့ ပင်လယ်စာမုန့် အရသာမိုက်ပါတယ်။


ကြာ.ဇံကြော်၊ ပင်လယ်စာဟင်းချိုနဲ့ အသားစုံ ညစာ


Day 1 ကနေရာတွေသဘောကျရင် သွားဖို့လုပ်နေသူတွေအတွက် post link ဝေမျှပေးပါဦး :D

No comments:

Powered by Blogger.